Cart

ကမ္ဘာမြေ၏ဝန်ရိုးတစ်ချောင်း

4000.00 MMK

Author: ရသစာပေ
ID: #760 Pages:

ဘူတာရုံကလေး၊ လမ်းဆုံဘူတာ၊ လွမ်းသူ့ရထား စသည့် ရသဝတ္ထု၊ ရသစာတမ်း စာအုပ်များကိုရေးဖွဲ့ခဲ့သူ စာရေးဆရာရဲသျှမ်း၏လက်ရာ ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်သည်။ ဆရာရဲသျှမ်းသည် ၂၀၀၆-၂၀၁၅ ကာလက ရန်ကုန်ဘူတာကြီးတွင် တာဝန်ကျခဲ့ဖူးသူမို့ ရထားဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဝန်ထမ်းအိမ်ကလေးမှာ ခိုကိုးနေရသူများ၊ ရထားစီးခရီးသည်တို့၏ဘဝများနှင့် ထိတွေ့ရင်းနှီးနေသူဖြစ်သည်။ ထို့ကြောင့် စာရေးသူက သူကျင်လည်ရာ သူ့ဝန်းကျင်အနီးတစ်ဝိုက်က လူများ၊ ဘဝများအကြောင်းကို ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်းတွင် ရသမြောက်စွာ ပုံဖော်ရေးသားခဲ့သည်။ တစ်နည်းအားဖြင့် ဤစာအုပ်တွင် မီးရထားနှင့်ပတ်သက်သော ကြောင်းခြင်းရာများသာမက စာရေးဆရာတစ်ဦးအဖြစ် ဖြတ်သန်းကြုံတွေခဲ့ရသော ရသစာဖတ်ဝိုင်းများအကြောင်းကိုပါ ထည့်သွင်းဖွဲ့ဆိုထားသည်မို့ စာဖတ်သူတို့ နှစ်ခြိုက်မည့်စာအုပ်တစ်အုပ်ဟု ယုံကြည်စွာ ညွှန်းဆိုလိုက်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews