Cart

အမိမျိုးရိုးစနစ်

2200.00 MMK

Author: ရသစာပေ
ID: #755 Pages:

ယခုစာအုပ်တွင် အမိမျိုးရိုးစနစ်၊ အဘမျိုးရိုးစနစ်၊ ယဉ်ကျေးမှုဆိုတိုင်း ဟုတ်လှပြီမထင်နဲ့၊ မိဘနှင့် သားသမီး၊ ဘာနှင့် ထမင်းစားသလဲ နှင့် ယောက္ခမမိဘ ဟူသည့် ဆောင်းပါးခြောက်ပုဒ်ပါဝင်သည်။ မြန်မာ့လူမှုဝန်းကျင်တွင် အမိအဖ၊ သို့မဟုတ် မိဘ ဟူ၍ အမိကိုရှေ့တန်းတင်လေ့ရှိကြောင်း၊ ပါဠိကျမ်းဂန်တို့၌လည်း မာတာပိတု ဟူ၍ အမိဖြစ်သော မာတာကို ဦးစားပေးထားကြောင်း၊ အဖအမိ၊ ပိတုမာတာ ဟူ၍ မသုံးနှုန်းကြောင်း၊ အမိသည် အဓိကဖြစ်ကြောင်း စသည်ဖြင့် အမိမျိုးရိုးစနစ်အကြောင်းကို ဆရာမောင်ထင်က ဖွင့်ဆိုရေးသားထားသည်။ ၁၉၈၅ ခုနှစ်က လုံမလေးမဂ္ဂဇင်းတွင် ရေးသားခဲ့သည့် လူမှုကျင့်ဝတ်ဆိုင်ရာ၊ စာရိတ္တဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဆောင်းပါးများမို့ ဖတ်ကြည့်စေချင်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews