4000.00 MMK
Author:
ရသစာပေ
ID: #405
Pages:
အမေရိကန်စာရေးဆရာမ Regina Brett ၏ God is Always Hiring စာအုပ်ကို ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ စေ့ဆော်မှု ပေးသော စာစီစာကုံးများ၊ ဘဝဇာတ်ကြောင်းများနှင့် ဆောင်းပါးများ စုစည်းထားသော စာအုပ်ဖြစ်ပြီး ဘဝနှင့်အလုပ်အကိုင်ကို ရှုထောင့် အသစ်မှ ရှုမြင်နိုင်ရန် သင်ခန်းစာ ၅၀ ဖြင့် တင်ပြထားသောစာအုပ် ဖြစ်သည်။ အလုပ်လက်မဲ့များ၊ မိမိအရည်အချင်းထက် အဆင့်နိမ့်သောအလုပ်ကို လုပ်ကိုင်နေရသူများ၊ အလုပ်တွင် စိတ်မချမ်းမြေ့သူများအတွက်၊ မိမိတို့ဘဝအတွက် လေးနက်မှုပိုရှိသော ဘဝကို လိုလားသည့် အငြိမ်းစားယူပြီးသူများနှင့် အလုပ်မလုပ်နိုင်တော့သူများ အတွက်၊ ဘဝတွင် လမ်း ပျောက်ပြီး ကျိုးပြတ်နေသော ဘဝလမ်းခရီး တွင် ခြေဦးတည့်ရာနေခဲ့ပြီးမှ နောက်ဆုံးတွင် ဘဝ၏ပီပြင်သော အခန်းကဏ္ဍသို့ တည့်တည့်မတ်မတ် ရောက်ရှိသူများအတွက် ရည်ရွယ်ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းအလုပ်ကို ယခုမှ ရှာဖွေမည့်သူများနှင့် လုပ်ငန်းခွင်မှသူများအတွက် မိမိအလုပ်ကို ပိုမို တန်ဖိုးထားပြီး လုပ်ငန်းခွင်အတွင်း၊ ပျော်ရွှင်ကျေနပ်မှုရရှိစေရန် အထောက်အကူပြုနိုင်သည့်စာအုပ် ဖြစ်ပါသည်။