Cart

အေဘရာဟင်လင်ကွန်း

2500.00 MMK

Author: ရသစာပေ
ID: #379 Pages:

သာမန်ကျေးတောသားဘဝမှ အမေရိကန်နိုင်ငံ၏သမ္မတ ဖြစ်လာသူ အေဘရာဟင်လင်ကွန်း၏ စိတ်ဝင်စားဖွယ် ဘ၀ ဇာတ်ကြောင်းအသေး စိတ်ကို ရေးသားထားသော စာအုပ် ဖြစ်ပါသည်။ ပြည်တွင်း စစ်အချိန်ကာလ ကို ကောင်းစွာဦးဆောင် နိုင်သူ၊ လွတ်မြောက်ရေးကြေညာစာတမ်းဖြင့် အာဖရိကန်-အမေရိကန် လေးသန်းကို ကျွန်ဘဝမှ လွတ်မြောက်စေခဲ့သူ၊ သူ့ယုံကြည်ချက်အတွက် သူ့အသက်ကို ပေးဆပ်ခဲ့ရသူ သမ္မတကြီးအကြာင်းကို အသေးစိတ်ရေးသားထားသည်။ ငယ်ရွယ်စဉ်မှစ၍ ကိုယ်ထူကိုယ်ထ ပညာသင်ယူပြီး ဘဝကို ကြိုးစား တည်ဆောက်ခဲ့ပြီး အလုပ်ကြမ်းသမား၊ စစ်သား၊ စာပို့လုလင် စသည်ဖြင့် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သည်။ ထို့နောက် မြေတိုင်း စာရေး၊ ရှေ့နေဘဝများမှ သမ္မတဖြစ်လာသည်အထိ လင်ကွန်း၏စိတ်ဝင်စားဖွယ် ဘဝအစုံစုံကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ သမ္မတလင်ကွန်းအကြောင်းနဲ့ သူ့မိသားစုအကြောင်းများသာမက ထိုခေတ်ထိုအခါက အမေရိကန်နိုင်ငံရေးပုံရိပ်များကိုပါ ထင်ဟပ်သည့် စာအုပ်ဖြစ်ပါသည်။

အဆင့်နှင့်မှတ်ချက်များ

User reviews