2500.00 MMK
Author:
ဗဟုသုတ
ID: #354
Pages:
လက်မပါ ခြေဗလာဖြင့် မွေးဖွားလာသော သြစတြေးလျနိုင်ငံသား နိခ်ဗူဂျီချိခ် (Nick Vujicic) ၏ ဘဝဇာတ်ကြောင်းကို ရေးသား ထားသောစာအုပ်ဖြစ်ပါသည်။ အမယ်လေး ဘယ်လိုဟာကြီးပါ လိမ့်၊ ခြေလက်များ ပေးသနားတော်မူပါဘုရား၊ ရှိသည့်အတိုင်း ဘုရားသခင် ငါ့ကိုချစ်၊ အကြီးမြတ်ဆုံးအံ့သြဖွယ်ရာ၊ တစ်ကြိမ် မက အသက်ရှင်ခဲ့သည်၊ အားလုံးအတွက် ကယ်တင်ခြင်းဆုလက် ဆောင် စသည်ဖြင့် အခန်းရှစ်ခန်း ပါဝင်ပါသည်။ သင်ခန်းစာရရှိ ခဲ့ပြီးသောနိခ်၏ဘဝဒဿန၊ သူကြီးပြင်းလာစဉ် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသော အခက်အခဲများကို သရုပ်ဖော်ထားသည်။ သူ၏ခံစားချက်၊ သဘောထားများကို ဖော်ပြပြီး အမှောင်ထဲမှာ အလင်းသွားပုံနှင့် အတားအဆီးအားလုံးကို အောင်မြင်ကျော်လွှားရန် မည်သို့မည်ပုံ လုပ်ဆောင်ခဲ့ပုံများကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ကြောင့် အကန့်အသတ်မဲ့လူသား နိခ်၏ သူ့ဘဝဇာတ်ကြောင်းများနှင့် ဘဝသင်ခန်း စာများ၊ သူ၏ယုံကြည်မှုအကြောင်းများ၊ ဘဝအားမာန်ပေးသော၊ စိတ်ဓာတ်မြှင့်တင်ပေးသော အတွေးအခေါ်အယူအဆများနှင့် သူ၏ဘဝဒဿနများပါဝင်သောကြောင့် စာဖတ်သူအတွက် အကျိုးရှိစေမည့်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။