2500.00 MMK
Author:
ဗဟုသုတ
ID: #325
Pages:
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြန်မာ့အရေး၊ ကမ္ဘာ့အရေး ... မျက်ခြေမပြတ် အလှမ်းမီနေလျှင် မည်သည့်နယ်ပယ်တွင် ရှင် သန်သည်ဖြစ်စေ၊ ခေါင်းတစ်လုံးမြင့်မြဲ နှာတစ်ဖျားသာမြဲ ဖြစ် သည်ဟု ဆိုနိုင်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာ၊ နှစ်ရာက ဖြစ်ရပ်များကို သမိုင်းအဖြစ်ပဲထားပြီး စာအုပ်ထဲတွင်ပင်ရှိသည် ဆိုဦးတော့ ...။ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုလောက်ဆီက ထူးခြား ဖြစ်ရပ်များ ကိုတော့ လက်လှမ်းမီသိရှိနေလျှင် ကောင်းပါလိမ့်မည်။ သိနေဖို့လည်း လိုအပ်သည်ဟု ဆိုချင်သည်။ ကမ္ဘာ ကျော်စာရေးဆရာ၊ သတင်းစာဆရာ Malcolm Gladwell ရေး သားသည့် What The Dog Saw And Other Adventures စာအုပ်ကို ဘာသာပြန်ဆိုထားသည့် ဤစာအုပ်တွင် အခန်း ပေါင်း ၁၁ ခန်းပါဝင်ပြီး ကမ္ဘာ၏ ပြီးခဲ့သောခုနှစ် တချို့မှ ထူးခြားဖြစ်ရပ် များကို သုံးသပ် ရေးသား တင်ပြထားသော ဆောင်းပါးများ ပါဝင်ပါ သည်။ မှတ်ဖွယ်မှတ်ရာ ဗဟုသုတအဖြစ်၊ သင်ခန်းစာယူစရာ အကြောင်း အရာများအဖြစ်၊ ဆင်ခြင်တွေး ဆစရာဖြစ်ရပ်များ အဖြစ် စာရှုသူတို့အတွက် ရှိနေပါလိမ့်မည်။