3000.00 MMK
Author:
ဗဟုသုတ
ID: #194
Pages:
Ghassan K Abou-Alfa နှင့် Ronald P DeMatteo တို့၏ Liver Cencer စာအုပ်ကို ဆရာမဒေါက်တာ ညိုမီခိုင်သန်းလှိုင် ဘာသာပြန်ထားသော ဤစာအုပ်သည် အသည်းကင်ဆာအကြောင်းကို ပြည့်ပြည့်စုံစုံ တင်ပြ ထားသည်။ အသည်းကင်ဆာဆိုသည်မှာဘာလဲ၊ အသည်းကင်ဆာ အမျိုးမျိုးရှိသလား၊ ဘယ်သူတွေ အသည်း ကင်ဆာဖြစ်နိုင်သလဲ၊ အသည်း ကင်ဆာ၏ ရောဂါလက္ခဏာများမှာ ဘာလဲ၊ အသည်းကင်ဆာ၏လက်ရှိ ကုထုံးများသည်ဘာလဲ စသည်ဖြင့် အမေးအဖြေပုံစံ မေးခွန်းပေါင်းတစ်ရာကို အပိုင်းကိုးပိုင်းခွဲကာ တင်ပြထားပါ သည်။ အသည်း၊ အသည်း ကင်ဆာနှင့် ပတ်သက်သော အခြေခံအချက်အလက်များ၊ အသည်း ပျက်စီး လာခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ကို ဖြစ်စေသော၊ ထောက်ပံ့ကူညီသောအကြောင်းတရားများ၊ အသည်း ကင်ဆာနှင့် ဘယ်လိုနေထိုင်မလဲ၊ အသည်းကင်ဆာကုထုံးအမျိုးမျိုးအကြောင်းများကို ဖော်ပြထားသည်။ ထို့ ကြောင့် ဤစာအုပ်အသည်းကင်ဆာနှင့် အသည်းကင်ဆာကြောင့် ဖြစ်ပေါ်တတ်သောရောဂါ လက္ခဏာများ အားလုံးကို ပြည့်စုံစွာဖော်ပြပါရှိသောကြောင့် အသည်းကင်ဆာလူနာများ၊ သူတို့၏မိသားစုဝင်များနှင့် ချစ်ခင်ရ သောမိတ်ဆွေများအားလုံးအတွက် များစွာအထောက်အကူပြုနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။